Psalms 9:2
ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါ မည်။ နာမတော်ကို ထာမနာသီချင်းဆိုပါမည်။ အမြင့်ဆုံး သောဘုရား။
1835 Judson Burmese Bible
In The King James Version
I will be glad and rejoice in thee: I will sing praise to thy name, O thou most High.
In Context
3အကြောင်းမူကား၊ အကျွန်ုပ်၏ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏။ ရှေ့တော်၌ ပျက်စီးကြပါ၏။
Cross References
Psalms 5:11ကိုယ်တော်ကို ကိုးစားသော သူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။
Psalms 26:7အံဩဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြား ပြောခြင်းငှါ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ် ကင်းခြင်းနှင့်ဆေး၍၊ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက် နေပါသည်၊ ထာဝရဘုရား။
Psalms 28:7ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည်။
Psalms 56:2ရန်သူတို့သည် နေ့တိုင်းကိုက်စားအံ့သော ဒေါသ ရှိ၍ မြင့်သောစိတ်နှင့် အကျွန်ုပ်ကို တိုက်သောသူ အများရှိကြပါ၏။
Psalms 86:12အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်း ၍၊ နာမတော်ကို အစဉ်အမြဲ ချီးမြှောက်ပါမည်။
Psalms 92:4အို ထာဝရဘုရား၊ အမှုတော်များအားဖြင့် အကျွန်ုပ်ကို ဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက် တော်နှင့် ပြုပြင်တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုပါမည်။