Psalms 9:4
ကိုယ်တော်သည် အကျွန်ုပ်ဘက်မှာ တရား ဆုံးဖြတ်တော်မူပြီ။ ပလ္လင်တော်ပေါ်မှာ ထိုင်၍ဖြောင့်မတ် စွာ စီရင်တော်မူပြီ။
1835 Judson Burmese Bible
In The King James Version
For thou hast maintained my right and my cause; thou satest in the throne judging right.
In Context
3အကြောင်းမူကား၊ အကျွန်ုပ်၏ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏။ ရှေ့တော်၌ ပျက်စီးကြပါ၏။
Cross References
Psalms 16:5ထာဝရဘုရားသည် ငါအမွေခံရာအဘို့၊ ငါ စားသောက်ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။
Psalms 47:8ဘုရားသခင်သည် လူမျိုးတို့တွင် စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။
Psalms 96:13အကြောင်းမူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ်တော် မူလတံ့။
Psalms 140:12ထာဝရဘုရားသည်ဆင်းရဲသော သူ၏အမှုကို စောင့်၍၊ ငတ်မွတ်သောသူဘက်၌ တရားစီရင်တော်မူ မည်ဟု ငါသိ၏။
1 Peter 2:23အသေခံရသောအခါ ခြိမ်းချောက်ခြင်းကိုမပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏။