Psalms 91:12
သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
They shall bear thee up in their hands, lest thou dash thy foot against a stone.
In Context
11သွားလေရာရာ၌ သင့်ကိုစောင့်ရှောက် စေခြင်း ငှါ၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော် မူသည်ဖြစ်၍၊
13သင်သည် ခြင်္သေ့နှင့်မြွေဆိုးအပေါ်မှာ ကျော် သွား၍၊ ခြင်္သေ့ပျိုနှင့်နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။
Cross References
Job 5:23အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။
Proverbs 3:23သင်သည်ခရီးသွားရာ၌ ဘေးမရှိ။ ခြေမတိုက်မိ ဘဲ သွားလိမ့်မည်။
Isaiah 63:9အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့တော်မှ စေလွှတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မေတ္တာကရုဏာတော်ရှိသည်အတိုင်းရွေးနှုတ်တော်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တော်မူ၏။
Luke 4:11သင်၏ခြေကိုကျောက်နှင့် မထိမခိုက်စေခြင်းငှါ၊ သူတို့သည် သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤအထွဋ်မှ ကိုယ်ကိုအောက်သို့ ချ လိုက်တော်မူပါဟု လျှောက်လေ၏။