Psalms 92:11
အကျွန်ုပ်၏ ရန်သူတို့ကို အကျွန်ုပ်မျက်စိ မြင်လျက်၊ ရန်ဘက်ပြုသော လူဆိုးတို့အကြောင်းကို နားကြားလျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 23:5အကျွန်ုပ်၏ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဘို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်ခေါင်းကိုဆီနှင့် လိမ်း တော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
Psalms 54:7အကျွန်ုပ်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ် နှုတ်တော်မူသဖြင့်၊ အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ် မျက်စိနှင့် မြင်၍အားရပါ၏။
Psalms 91:8သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ မတရား သော သူတို့၌ ရောက်ရသော အပြစ်ကိုမြင်ရုံမျှသာရှိ လိမ့်မည်။
Psalms 112:9သူသည် စွန့်ကြဲပြီ။ ဆင်းရဲသော သူတို့အား ပေးကမ်းပြီ။ သူ၏ ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ်၏။ သူ၏ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။