Psalms 92:5
အို ထာဝရဘုရား၊ စီရင်တော်မူသော အမှုတို့ သည် ကြီးမား၍၊ အကြံအစည်တော်လည်း အလွန် နက်လှပါ၏။
1835 Judson Burmese Bible
In The King James Version
O LORD, how great are thy works! and thy thoughts are very deep.
In Context
6တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူ နားမလည်သော အမှုအရာဟူမူကား၊
Cross References
Psalms 40:5အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံ့ဩဘွယ်အမှုတို့နှင့် ကြံစည်တော်မူသော အကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍ မကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဘော်ကြားပြောမည်ဟုဆိုသော်၊ ရေတွက် ၍ မကုန်နိုင်အောင် များလှပါ၏။
Psalms 66:3ကိုယ်တော်စီရင်သောအမှုတို့သည် အလွန်အံ့ဩဘွယ် ဖြစ်ကြပါ၏။ တန်ခိုးတော်ကြီးသောကြောင့်၊ ရန်သူတို့သည် ကိုယ်တော်ကို တောင်းပန်ကြပါလိမ့်မည်။
Psalms 111:2ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ် ကြ၏။ ကြည်ညိုသော သူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။
Psalms 145:3ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ်ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍ မကုန်နိုင်။
Isaiah 28:29ထိုအမှုသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံ ပေးတော်မူခြင်းသည် အံ့ဩဘွယ်ဖြစ်၏။ ဉာဏ်တော် သည်လည်း ထူးဆန်းပေ၏။
Jeremiah 23:20ထာဝရဘုရားသည် လက်စသတ်၍၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ အမျက်တော် မငြိမ်း ရ။ နောက်ကာလ၌ သင်တို့သည် ရှင်းလင်းစွာ နားလည် ကြလိမ့်မည်။