Psalms 93:1
ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် တည်လျက် ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
2ကိုယ်တော်၏ ပလ္လင်သည် ရှေ့ဦးစွာမှစ၍ တည်ပါ၏။ ကိုယ်တော်သည် ရှေးကာလမှစ၍ အစဉ် အမြဲဖြစ်တော်မူ၏။
Cross References
1 Chronicles 16:30မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ ခြင်းရှိကြလော့။ လောကဓာတ်သည် မလှုပ်မရှားနိုင် အောင် မြဲမြံစွာ တည်လိမ့်မည်။
1 Chronicles 29:12ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာသည် ကျေးဇူး တော်ကြောင့်သာ ဖြစ်၏။ကိုယ်တော်သည် ခပ်သိမ်းသော သူတို့ကို အုပ်စိုးတော်မူ၏။ ခွန်အား အစွမ်းသတ္တိကို ပေးပိုင်တော်မူ၏။ ခပ်သိမ်းသောသူတို့အား ကြီးမြတ် သော အခွင့်နှင့်ခိုင်ခံ့သော အခွင့်ကို ပေးပိုင်တော်မူ၏။
Psalms 18:32ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့် စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏။
Psalms 65:6ကိုယ်တော်သည် တန်ခိုးနှင့် ပြည့်စုံသဖြင့်၊ အားကြီး၍ တောင်များကို တည်စေတော်မူ၏။
Psalms 75:3မြေကြီးနှင့် မြေကြီးသားအပေါင်းတို့သည် လှုပ်ရှားခြင်းရှိသည် ဖြစ်၍၊ မြေကြီးတည်သော တိုင်တို့ကို ငါထောက်ခံရ၏။
Psalms 97:1ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီး သည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်း ကြစေ။