Psalms 94:3
အိုထာဝရဘုရား၊ မတရားသော သူတို့သည် အဘယ်မျှကာလပတ်လုံး ဝမ်းမြောက်ကြပါလိမ့်မည်နည်း။
1835 Judson Burmese Bible
In The King James Version
LORD, how long shall the wicked, how long shall the wicked triumph?
In Context
Cross References
Esther 6:6ဟာမန်သည်ဝင်လျှင် ရှင်ဘုရင်က၊ ရှင်ဘုရင် ချီးမြှောက်လိုသော သူ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင်၊ ဟာမန်က ငါမှတပါး၊ ရှင်ဘုရင်သာ၍ ချီးမြှောက်လိုသောသူ တစုံတယောက်ရှိနိုင်သလောဟု စိတ်ထဲမှာ အောက်မေ့လျက်၊
Esther 7:10ထိုသို့မော်ဒကဲအဘို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော် မူ၏။
Psalms 43:2ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကိုအဘယ်ကြောင့် စွန့်ပစ်တော်မူ သနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် အဘယ် ကြောင့် နေရပါသနည်း။
Psalms 74:9အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာသက်သေများ ကို မမြင်ရပါ။ ပရောဖက်သည် တဖန်မပေါ်သရှိပါ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူ မရှိပါ။
Psalms 80:4ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်၏ လူတို့ပြုသော ပဌနာစကားကို အဘယ်မျှကာလပတ်လုံး အမျက်ထွက်တော်မူမည်နည်း။
Jeremiah 12:1အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကို ဆွေးနွှေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင်တော်မူ ခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသော သူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါ သနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။