Psalms 95:1
လာကြ။ ထာဝရဘုရားအား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့။
1835 Judson Burmese Bible
In The King James Version
O come, let us sing unto the LORD: let us make a joyful noise to the rock of our salvation.
In Context
2ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသော အသံကို ပြုကြ ကုန်အံ့။
Cross References
Exodus 15:21မိရိအံကလည်း၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုကြလော့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီဟု သူတို့နှင့် အသံပြိုင်၍ ဆိုလေ၏။
2 Samuel 22:47ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်သော ကျောက်၏ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။
2 Chronicles 20:28စောင်းတယောတံပိုးကိုတီးမှုတ်လျက်၊ ယေရု ရှလင်မြို့၊ ဗိမာန်တော်သို့ ရောက်လာကြ၏။
Psalms 18:47ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။
Psalms 47:6ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။
Psalms 66:8အချင်းလူစုတို့၊ ငါတို့ ဘုရားသခင်ကို ကောင်းကြီးပေးကြလော့။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသော စကားသံနှင့် ကြွေးကြော်ကြလော့။