Psalms 96:3
ဘုန်းတော်ကို တပါးအမျိုးသားတို့၌၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌၎င်း ဘော်ပြကြလော့။
1835 Judson Burmese Bible
In The King James Version
Declare his glory among the heathen, his wonders among all people.
In Context
4ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။
Cross References
Psalms 22:27မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ် ပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။
Psalms 72:18အံ့ဘွယ်သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
Psalms 150:2ထူးဆန်းသော တန်ခိုးတော်များကြောင့်၊ ဘုရား သခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီးမြတ်တော်မူ ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့။
Isaiah 49:6သင်သည် ယာကုပ်၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင် ရွက်သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
Daniel 6:26ငါအစိုးရသော တနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ ဘုရားသခင်ကို ကြောက်ရွံရိုသေ ကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နီုင်။ အာဏာ စက်တော်လည်း အစဉ်အဆက်တည်လိမ့်မည်။
Zechariah 9:10ငါသည် ဧဖရိမ်ပြည်၌ ရထားကို၎င်း၊ ယေရု ရှလင်မြို့၌ မြင်းကို၎င်း ပယ်ဖြတ်မည်။ စစ်လေးကိုလည်း ပယ်ဖြတ်မည်။ တပါးအမျိုးသားတို့သည် စစ်ငြိမ်းမည် အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာ တော်လည်း ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင်၎င်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်၎င်း တည်လိမ့်မည်။