The Bible Software
bible.software › ဗျာဒိတ်ကျမ်း › ဗျာဒိတ်ကျမ်း 1 › ဗျာဒိတ်ကျမ်း 1:7

ဗျာဒိတ်ကျမ်း 1:7

ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။

1835 Judson Burmese Bible

In The King James Version

Behold, he cometh with clouds; and every eye shall see him, and they also which pierced him: and all kindreds of the earth shall wail because of him. Even so, Amen.

In Context

6မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့် ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။

8ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍ ၊ ပစ္စုပ္ပန် ၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ၏။

Read all of ဗျာဒိတ်ကျမ်း 1

Cross References

Judges 5:31အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ၏။

Job 33:26ဘုရားသခင်ကို ဆုတောင်း၍ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်ပေးတော်မူတတ်၏။

Psalms 68:1ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော။

Isaiah 19:1အဲဂုတ္တုပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သော မိုဃ်း တိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည် ကျိုလျက် ရှိလိမ့်မည်။

Nahum 1:3ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုး လည်း ကြီးတော်မူ၏။ သို့ရာတွင်၊ အပြစ်တည်သော သူ တို့ကို အပြစ်မှ လွှတ်တော်မမူ။ ထာဝရဘုရားသည် လေ ဘွေ၌၎င်း၊ မိုဃ်းသက်မုန်တိုင်း၌၎င်း ကြွတော်မူ၍၊ မိုဃ်း တိမ်တို့သည် စက်တော်အောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြ၏။

Matthew 24:30ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဗျာဒိတ်ကျမ်း 1:7

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဗျာဒိတ်ကျမ်း 1:6ဗျာဒိတ်ကျမ်း 1ဗျာဒိတ်ကျမ်း 1:8 →