ဗျာဒိတ်ကျမ်း 11:19
တဖန်ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုပ်ခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်းဖြစ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 9:18ကြည့်ရှုလော့။ အဲဂုတ္တုပြည် တည်သည်ကာလမှ စ၍ ယခုတိုင်အောင် မရွာဘူးသော အလွန်ကြီးစွာသော မိုဃ်းသီးရွာခြင်းကို နက်ဖြန်နေ့ ဤအချိန်၌ ငါဖြစ်စေ မည်။
Numbers 4:5တပ်ချီချိန် ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည် လာ၍၊ အတွင်းကုလားကာကို ချပြီးလျှင်၊ သက်သေခံချက် သေတ္တာကို အုပ်ရမည်။
Numbers 10:33ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသော ခရီးကို သွားကြ ၏။ ထိုသုံးရက်ကွာသော ခရီးကိုသွားကြစဉ်၊ ထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်း ချရာအရပ်ကို ရှာ၍ သူတို့ရှေ့ကသွားလေ၏။
Job 38:22သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။
Psalms 105:32မိုဃ်းရေအစား မိုဃ်းသီးကို၎င်း၊ သူတို့မြေပေါ် မှာ မီးလျှံကို၎င်း ပေးတော်မူ၏။
Isaiah 28:2ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူ သည်၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်မုန် တိုင်းကဲ့သို့၎င်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့ ၎င်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။