ဗျာဒိတ်ကျမ်း 12:3
ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူ ခုနစ်ဆူကို ဆောင်းလျက်ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
2ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဘွားအံ့သော ဝေဒနာပြင်းသောကြောင့် အော်ဟစ်လေ၏။
Cross References
Isaiah 27:1ထိုကာလ၌ ထာဝရဘုရားသည် ပြေးတက်သော မြွေလဝိသန် ကို၎င်း၊ လိမ်သောမြွေလဝိသန်ကို၎င်း ခိုင်ခံ့ ကြီးမားသော ထားတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်။
Daniel 2:41ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ် တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော် လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်ဖြစ်၍၊ သံသည်ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။
Daniel 7:7ထိုညဉ့်အခါ၊ တဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာ သော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဘွယ် သော စတုတ္ထသားရဲသည် ထင်းရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသော အရာကို ခြေဖြင့် နင်းချေ၏။ သူသည်အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်း ရှိ၏။
Daniel 7:24ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတံ့သော မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက် အခြားသော မင်းကြီးပေါ်လာလိမ့်မည်။ အရင်မင်းကြီး ထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။
Revelation 12:4သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဘွားလုသော မိန်းမသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။
Revelation 12:17နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား၏။