ဗျာဒိတ်ကျမ်း 14:18
မီးကိုအစိုးရသော ကောင်းကင်တမန်တပါးသည် ယဇ်ပလ္လင် ထဲကထွက်၍ ထက်သော တံစဉ်ပါသော သူကို ကြီးစွာသော ကြွေးကြော်ခြင်းနှင့်ခေါ်လျက်၊ သင်၏ ထက်သောတံစဉ်ကိုလွှတ်၍ မြေကြီး၏ စပျစ်သီးပြွတ် တို့ကိုရိတ်လော့။ အသီးမှည့်ပြီဟု ပြောဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
17ကောင်းကင်တမန်တပါးသည် ကောင်းကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်း ထက်သော တံစဉ်ပါ၏။
Cross References
Revelation 6:9ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံ ချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။
Revelation 16:8စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည်လူတို့ကို မီးလောင် ရသော အခွင့်ကိုရ၏။