ဗျာဒိတ်ကျမ်း 17:18
ယခုမြင်သော မိန်းမသည်လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်းဟု ကောင်းကင်တမန် ပြောဆို၏။
1835 Judson Burmese Bible
In The King James Version
And the woman which thou sawest is that great city, which reigneth over the kings of the earth.
In Context
Cross References
Daniel 7:23ထိုသူကလည်း စတုတ္ထသားရဲသည် မြေကြီးပေါ် မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုယ်စားချိုးဖဲ့ နင်းချေလိမ့်မည်။
Revelation 12:4သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဘွားလုသော မိန်းမသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။
Revelation 18:2သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။