ဗျာဒိတ်ကျမ်း 17:8
ယခုမြင်သော သားရဲသည် ဖြစ်ဘူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသော တွင်းထဲကတက်၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတံ့သောသားရဲကို မြင်ရသောအခါ၊ အံ့ဩကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
9ဤအရာ၌ ပညာနှင့်ပြည့်စုံသော ဉာဏ်ရှိ၏။ ခေါင်းခုနစ်လုံးကား၊ မိန်းမထိုင်သော ထောင်ခုနစ်လုံး ဖြစ်၏။
Cross References
Daniel 7:11ထိုအခါ ချိုငယ်ပြောသော စကားကြီး အသံ ကြောင့် ငါကြည့်ရှု၍ နေစဉ်၊ ထိုသားရဲအသက်ကို သတ်ပြီးလျှင် သူ၏ ကိုယ်ကိုမီးရှို့၍ ဖျက်ဆီးကြ၏။
Daniel 11:45ပင်လယ်ကြားမှာ ဘုန်းကြီး၍ သန့်ရှင်းသော တောင်ပေါ်၌စံရာ တဲတော်ကို တည်ဆောက်ပြီးလျှင် အဘယ်သူမျှ မစခြင်းငှါ မတတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။
John 17:24အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်ပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာ အရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ၏။
Ephesians 1:4ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ။ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
Titus 1:2ငါ၌အပ်ထားသော တရားဟောခြင်း၊ အခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့် စပ်ဆိုင်သောထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရား ကိုဝန်ခံခြင်းအလိုငှါ၎င်း၊
Revelation 3:5ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင် တမန်တော်တို့၌၎င်း သူ၏နာမကို ငါဝန်ခံမည်။