ဗျာဒိတ်ကျမ်း 18:11
လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား ၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 23:1တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှု သင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည် တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သိတင်းကြားရ၏။
Ezekiel 26:17သူတို့ကလည်း၊ အိုကျော်စောသောမြို့၊ ပင်လယ် သားနေ၍ ပင်လယ်၌ အားကြီးသော မြို့၊ ပင်လယ်သား အပေါင်းတို့ ရိုသေဘွယ်သော မြို့သားနှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အား ဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။
Zephaniah 1:11မတ္တေရှအရပ်သားတို့၊ ငိုကြွေးမြည်တမ်းကြ လော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကို ဆောင်သောသူအပေါင်းတို့သည် ဆုံးကြပြီ။
Matthew 22:5သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။
2 Peter 2:3သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့ သော စကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလ မှစ၍ မဖင့်မနွဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။
Revelation 18:3အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။