ဗျာဒိတ်ကျမ်း 18:23
ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။ လူအမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြ ပြီဟု ကောင်းကင်တမန် ပြောဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Job 21:17မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို၎င်း၊
Proverbs 24:20အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏ မီးခွက်သည် သေလိမ့်မည်။
Isaiah 47:9သင်သည် ပြုစားသော အတတ်နှင့် နတ်ဝိဇ္ဇာ အတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တနေ့တခဏ ခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ ရောက်လိမ့်မည်။ သင်၏ အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။
Jeremiah 16:9ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့ သမီးအသံကို သင်တို့လက်ထက်၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည်။
Ezekiel 27:33သင်၏ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့် ထွက် သွားသောအခါ၊ လူမျိုးများတို့ကို ရောင့်ရဲစေ၍၊ များပြား သောဥစ္စာ။ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ်၏။
Acts 8:11ဆည်းကပ်သည်အကြောင်းကား၊ သူတို့ကို မိန်းမောတွေဝေစေ ခြင်းငှါ ထိုသူသည် နတ်ဝိဇ္ဇာအတတ် အားဖြင့် ကြာမြင့်စွာပြုလျက်နေ၏။