ဗျာဒိတ်ကျမ်း 19:13
အသွေး၌နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။
1835 Judson Burmese Bible
In The King James Version
And he was clothed with a vesture dipped in blood: and his name is called The Word of God.
In Context
Cross References
Psalms 58:10ဖြောင့်မတ်သောသူသည် ထိုသို့သောဒဏ်ပေး ခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်။
Isaiah 34:3သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ ပစ် လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏ အသွေးဖြင့် တောင်တို့သည် အရည်ဖြစ်ကြလိမ့်မည်။
John 1:1အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
1 John 1:1ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသော အသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အားပြသကြ၏။
Revelation 14:20မြို့ပြင်၌ နယ်ရာတန်ဆာကိုဖိနင်း၍ အသွေးသည် တဆယ်ခြောက်ယူဇနာခရီးတရှောက်လုံး၌ မြင်း ဇက်ကြိုးကို မှီသည်တိုင်အောင် နယ်ရာတန်ဆာထဲက ထွက်လေ၏။