ဗျာဒိတ်ကျမ်း 19:14
ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပတ်ချောဖြူကို ဝတ်လျက်၊ နောက်တော်သို့ လိုက်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
13အသွေး၌နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။
Cross References
Psalms 149:6တပါးအမျိုးသားတို့အား တရားအတိုင်း အပြစ် ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏ ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍၊ မှူးမတ်များ ကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌မှတ်သားသော အပြစ် စီရင်ခြင်းကိုသူတို့အား ပြုခြင်းငှါ၎င်း၊ သန့်ရှင်း သူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း ၍၊ သန်လျင်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့်ဆိုင်ကြ၏။ ဟာလေလုယ။
Zechariah 14:5သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မှီလိမ့် မည်။ ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ၍၊ မိမိသန့် ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည်။
Matthew 28:3သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည်လည်း မိုဃ်းပွင့်ကဲ့သို့ ဖြူ၏။
Jude 1:14အာဒံမှဆင်းသက်၍ ခုနှစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသောအဓမ္မအမှုရှိသမျှတို့၏ အပြစ်ကို၎င်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ပြောသောကြမ်းတမ်းသော စကား ရှိသမျှတို့၏ အပြစ်ကို၎င်းဘော်ပြခြင်းငှါ၊
Revelation 4:4ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသော ပလ္လင် နှစ်ဆယ်လေး ပလ္လင်ရှိ၏။ ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ၏။
Revelation 14:1ထိုနောက်မှ ငါကြည့်လျှင် ၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ သူ၏ နာမနှင့် ခမည်း တော်၏ နာမကိုနဖူး၌ အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။