ဗျာဒိတ်ကျမ်း 19:4
အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည် ပြင်ဝပ်၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသော ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
3တဖန်တုံ၊ ဟာလေလုယဟူ၍၎င်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည်ဟူ၍၎င်း ပြောဆိုကြ၏။
Cross References
Nehemiah 5:13ကိုယ်ခါးပိုက်ကို ခါလျက်၊ ဂတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော် ထဲက ဤသို့ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ခါပစ်လိုက်ခြင်းကို ခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရ ဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ဂတိထား သည်အတိုင်း ပြုကြ၏။
Psalms 41:13ဣသရေလအမျိုး၏ဘုရားသခင်တည်းဟူ သော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။
Psalms 89:52ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင်နှင့်အာမင်။
Jeremiah 28:6အာမင်၊ ထာဝရဘုရား ပြုတော်မူပါစေသော။ ဗိမာန်တော်တန်ဆာများနှင့်တကွ၊ ဤအရပ်မှ ဗာဗုလုန် မြို့သို့ သိမ်းသွားသော သူများအပေါင်းတို့ကို၊ ထာဝရ ဘုရားသည် တဖန်ဆောင်ခဲ့၍၊ သင်ဟောပြောသော စကားမှန် ကြောင်းကို ပြတော်မူပါစေသော။
Matthew 28:20ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
Revelation 4:4ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသော ပလ္လင် နှစ်ဆယ်လေး ပလ္လင်ရှိ၏။ ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ၏။