The Bible Software
bible.software › ဗျာဒိတ်ကျမ်း › ဗျာဒိတ်ကျမ်း 19 › ဗျာဒိတ်ကျမ်း 19:9

ဗျာဒိတ်ကျမ်း 19:9

ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊ ဤစကား သည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ ဟူ၍၎င်း ငါ့အားပြောဆို၏။

1835 Judson Burmese Bible

In The King James Version

And he saith unto me, Write, Blessed are they which are called unto the marriage supper of the Lamb. And he saith unto me, These are the true sayings of God.

In Context

8ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ၏။ ထိုပိတ်ချော မူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း။

10ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ ခြေရင်း၌ ပြပ်ဝပ်၏ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဘက်ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အားပြောဆို၏။

Read all of ဗျာဒိတ်ကျမ်း 19

Cross References

Isaiah 8:1တဖန်ထာဝရဘုရားက၊ သင်သည်ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန် ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ် ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထား လော့ဟု ငါ့အား မိန့်တော်မူ၏။

Matthew 22:2ကောင်းကင်နိုင်ငံတော်သည် မိမိသားအဘို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သောမင်းကြီးနှင့် တူ၏။

1 Timothy 1:15ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူ သောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။

2 Timothy 2:11သစ္စာစကားဟူကား၊ ထိုသခင်နှင့်အတူသေလျှင်၊ အတူရှင်လိမ့်မည်။

Revelation 1:19ထိုကြောင့်၊ သင်သည်မြင်ပြီးသော အရာတို့ကို၎င်း၊ ယခုရှိသော အရာတို့ကို၎င်း၊ နောင်ဖြစ်လတံ့သော အရာတို့ကို၎င်း ရေးထားလော့။

Revelation 2:8စမုရနမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူတည်းဟူသော၊ အရင်သေ၍ အသက်ရှင်လျက်ရှိသော သူ၏ အမိန့်တော်ကား၊

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဗျာဒိတ်ကျမ်း 19:9

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဗျာဒိတ်ကျမ်း 19:8ဗျာဒိတ်ကျမ်း 19ဗျာဒိတ်ကျမ်း 19:10 →