ဗျာဒိတ်ကျမ်း 2:27
ထိုသူသည် သူတို့ကိုသံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကိုခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
28မိုဃ်းသောက်ကြယ်ကိုလည်း ထိုသူအား ငါပေးမည်။
Cross References
Psalms 49:14ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ ချထား ၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မှီ ဖြောင့် မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံ သည် သူတို့၏နေရာဖြစ်၏။
Isaiah 30:14မြေအိုးကွဲသကဲ့သို့ ကွဲရလိမ့်မည်။ ကွဲရာတွင် လည်း မီးဖိုထဲက မီးခဲခံစရာဘို့၊ ရေကန်ထဲက ရေခပ်စရာ ဘို့ အိုးခြမ်းတခုမျှ မရှိစေခြင်းငှါ၊ နှမြောခြင်း မရှိဘဲ ခွဲ ခြင်းကို ခံရလိမ့်မည်။
Daniel 7:22ထိုသူတို့သည် နိုင်ငံကိုသိမ်းယူဝင်စားသော အချိန်ရောက်သည့်တိုင် အောင် ထိုချိုသည် သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်လေ ၏။
Luke 22:29ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊
Revelation 12:5ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော သားယောက်ျားကို ဘွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့၎င်း ၊ ပလ္လင်တော်သို့၎င်း ချီယူတော်မူ၏။