ဗျာဒိတ်ကျမ်း 20:8
အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာနေသော လူအမျိုးမျိုးတို့ကို လှည့်ဖြား အံ့သောငှာ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှာ၎င်း တက်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
7ထိုအနှစ်တထောင်ကုန်ပြီးမှ၊ စာတန်သည် ထောင်ထဲက လွှတ်သောအခွင့်ကိုရ၍၊
Cross References
1 Samuel 13:5ဖိလိတ္တိလူတို့သည်လည်း၊ ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ၊ ရထားသုံးထောင်နှင့် မြင်း ခြောက်ထောင်ကို၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ရှိသောလူများကို၎င်း စုဝေးစေပြီးလျှင်၊ စစ်ချီဗေသဝင် မြို့အရှေ့၊ မိတ်မတ်မြို့၌ တပ်ချကြ၏။
2 Chronicles 18:21ထာဝရဘုရားက၊ အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး ၏ပရောဖက်အပေါင်းတို့ထဲမှာ၊ မုသားစကားကို ပြော တတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော် သင်သည်သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။
Jeremiah 33:22မိုဃ်းကောင်းကင် တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒရာသဲလုံးတို့ကို ကောင်းကင်နှင့် မခြင်နိုင်အောင် များပြားသကဲ့သို့၊ ငါ့ကျွန်ဒါဝိဒ်၏အမျိုးကို၎င်း၊ ငါ၏အမှု ထမ်းလေဝိသားတို့ကို၎င်း ငါများပြားစေမည်ဟု မိန့်တော် မူ၏။
Hebrews 11:12သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာကမ်းနား၌မရေတွက်နိုင်သောသဲလုံးကဲ့သို့၎င်း၊ များစွာသောသူတို့၏ အဘဖြစ် သတည်း။
Revelation 20:3အနှစ်တထောင် မကုန်မှီတိုင်အောင်၊ လူအမျိုး မျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှ တဖန် ခဏလွှတ်ရဦးမည်။