ဗျာဒိတ်ကျမ်း 21:8
ကြောက် တတ်သောသူ၊ မယုံကြည် သောသူ၊ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ပြုစား တတ်သောသူ၊ ရုပ်တု ကိုးကွယ်သောသူ၊ သစ္စာ ပျက်သောသူ အပေါင်း တို့မူကား၊ ဒုတိယ သေ ခြင်းတည်းဟူသောကန့် နှင့်လောင် သောမီး အိုင် ထဲ၌ မိမိ တို့အဘို့ကို ရကြလိမ့်မည်ဟူ၍၎င်း ငါ့ အား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Judges 7:3သို့ဖြစ်၍ ၊ ကြောက်လန့် သောသူ မည်သည်ကား၊ ဂိလဒ် တောင် မှ စောစောပြန် သွားစေဟု လူ များတို့ အား ဟစ်ကြော် လော့ဟု ဂိဒေါင် အား မိန့် တော်မူသဖြင့်၊ လူ နှစ်သောင်း နှစ်ထောင်ပြန် သွား၍ တသောင်း ကျန်ရစ် ၏။
Proverbs 19:9မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကိုသုံး သောသူသည် လည်း ၊ ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်။
Isaiah 51:12သင် တို့ကို နှစ်သိမ့် စေသော သူကား၊ အခြားသူ မဟုတ်၊ ငါ့ ကိုယ်တိုင်ပေတည်း။ သေ ရသော လူ ကို၎င်း၊ မြက်ပင် ကဲ့သို့ဖြစ်လတံ့သော လူ သား ကို၎င်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။
Malachi 3:5သင် တို့ကို စစ်ကြော စီရင်ခြင်းငှါ ငါချဉ်း မည်။ ပြုစား တတ် သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ မ မှန် သော ကျိန်ဆို ခြင်းကို ပြုသောသူ၊ သူငှါး ကို အခ မပေး ညှဉ်းဆဲ သောသူ၊ မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို ညှဉ်းဆဲ သောသူ၊ ဧည့်သည် ကို မ တရားသဖြင့် စီရင်သောသူ ၊ ငါ့ ကိုမ ကြောက်ရွံ့ သောသူတို့တဘက်၌ ငါသည် လျင်မြန် သော သက်သေ ဖြစ် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Matthew 10:28တနည်းကားကိုယ်ခန္ဓါ ကိုသာသတ် ၍ စိတ် ဝိညာဉ်ကို မ သတ် နိုင် သော သူတို့ ကို မ ကြောက် ကြနှင့်။ ကိုယ်ခန္ဓါ နှင့် စိတ် ဝိညာဉ်ကို ငရဲ ၌ ဖျက်ဆီး နိုင် သောသူ ကိုသာ၍ ကြောက် ကြလော့။
Mark 9:44ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲ အတွင်း မငြိမ်းနိုင် သော မီး ထဲသို့ လက် နှစ် ဘက်စုံနှင့် ဝင် ရသည်ထက် ၊ လက် ချို့တဲ့ ၍ အသက် ရှင်ခြင်းသို့ ဝင်စား သော် သာ၍ ကောင်း၏။”