ဗျာဒိတ်ကျမ်း 6:1
သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုဃ်းကြိုးသံ မြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင် တပါးက၊ လာ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Acts 4:20ငါတို့သည်ကြားလျက်၊ မြင်လျက်ရှိသောအရာ တို့ကိုမဟော မပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ၏။
Revelation 5:1ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။
Revelation 6:3ဒုတိယတံဆိပ်ကိုဖွင့်သောအခါ၊ ဒုတိယ သတ္တဝါ က၊ လာ၍ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။
Revelation 6:7စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ၊ စတုတ္ထ သတ္တဝါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။
Revelation 11:19တဖန်ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုပ်ခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်းဖြစ်ကြ၏။
Revelation 19:6တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင် သည် စိုးစံတော်မူ၏။