The Bible Software
bible.software › ဗျာဒိတ်ကျမ်း › ဗျာဒိတ်ကျမ်း 7 › ဗျာဒိတ်ကျမ်း 7:14

ဗျာဒိတ်ကျမ်း 7:14

ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌လျှော်၍ ဖြူစေသော သူဖြစ်ကြ သတည်း။

1835 Judson Burmese Bible

In The King James Version

And I said unto him, Sir, thou knowest. And he said to me, These are they which came out of great tribulation, and have washed their robes, and made them white in the blood of the Lamb.

In Context

13အသက်ကြီးသူတပါးကလည်း၊ ဖြူသော ဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်းဟု ငါအားမေးမြန်းလျှင်၊

15ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍၊ ဗိမာန်တော်၌ဘုရားဝတ်ကိုနေ့ညဉ့်မပြတ် ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။

Read all of ဗျာဒိတ်ကျမ်း 7

Cross References

Exodus 37:3ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာနှစ်ကွင်းစီတပ်လေ၏။

Isaiah 1:18ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသော အဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ်မည်။ ကတ္တီ ပါနီနှင့်တမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။

Zechariah 13:1ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့ သားတို့၏ ဒုစရိုက်အပြစ်အညစ်အကြေးကို ဆေးကြော စရာဘို့ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်။

John 13:8ပေတရုကလည်း၊ ကိုယ်တော်သည်အကျွန်ုပ်၏အခြေအနေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ၏။

Acts 14:22ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီးပင့်၍၊ ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။

1 Corinthians 6:11အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင်သခင်ယေရှု၏ နာမတော်အားဖြင့်၎င်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ် တော်အားဖြင့်၎င်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာ သို့ ရောက်ကြပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ဗျာဒိတ်ကျမ်း 7:14

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)
← ဗျာဒိတ်ကျမ်း 7:13ဗျာဒိတ်ကျမ်း 7ဗျာဒိတ်ကျမ်း 7:15 →