ဗျာဒိတ်ကျမ်း 9:6
ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Samuel 1:9ရှောလုကလည်း၊ ငါ့ထံသို့လာ၍ ငါ့ကိုသတ်ပါတော့။ ငါ့အသက်မသေနိုင်သောကြောင့် ပြင်းစွာသော ဝေဒနာကို ခံရ၏ဟုဆိုသည်အတိုင်း၊
Job 7:15ငါသည်ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍သေရသောအခွင့်ကို သာ၍ တောင့်တ ပါ၏။
Jeremiah 8:3ငါနှင်လိုက်ရာအရပ်ရပ်၌ ကျန်ကြွင်း၍၊ ဆိုးယုတ်သော ဤအမျိုးသားတို့သည် အသက်ကို အလိုမရှိ။ သေခြင်းကို အလိုရှိ၍ ရွေးချယ်ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Luke 23:30ထိုအခါ သူတို့က၊ အိုတောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြ ပါဟု ခေါ်ကြလိမ့်မည်။
Revelation 6:16ငါတို့အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။