ရောမဩဝါဒစာ 1:17
အဘယ်သို့ဖြစ်သနည်းဟူမူကား ၊ ဖြောင့်မတ် သောသူ သည် ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ယုံကြည် ခြင်း၌ တည်သောဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားသည်၊ ယုံကြည် ခြင်းအဘို့ အလိုငှာ ဧဝံဂေလိ တရားအားဖြင့် ထင်ရှား လျက်ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Habakkuk 2:4စိတ် မြင့်သောသူသည် သဘော မ ဖြောင့်။ ဖြောင့်မတ် သော သူမူကား ၊ မိမိ ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်။
Romans 3:3သူတို့တွင် အချို့ မ ယုံသော်လည်း ၊ အဘယ် ဆိုဘွယ်ရှိသနည်း။ သူ တို့မ ယုံဘဲနေခြင်းအရာသည် ဘုရားသခင် ၏သစ္စာ တော်ကို ဖျက် နိုင်သလော။
Romans 9:30ထိုကြောင့် ၊ အဘယ်သို့ ပြော ရမည်နည်းဟူမူကား ၊ ဖြောင့်မတ် ခြင်းကို မှီအောင် မ လိုက် သောတစ်ပါး အမျိုးသားတို့သည် ဖြောင့်မတ် ခြင်းကို မှီ ကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည် ခြင်းအားဖြင့် မှီ သောဖြောင့်မတ် ခြင်းကို ဆိုလိုသတည်း။
Philippians 3:9အဘယ်မျှလောက်မြတ် သည်ကိုထောက် ၍၊ ခပ်သိမ်း သောအရာတို့ကို
Hebrews 11:6ယုံကြည် ခြင်းမ ရှိလျှင်၊ ဘုရားသခင်၏ စိတ် တော်နှင့်မ တွေ့နိုင်။ အကြောင်းမူကား ၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် သောသူ သည်၊ ဘုရားသခင်ရှိ တော်မူသည်ကို၎င်း ၊ ကိုယ်တော် ကို ရှာ သောသူ အား အကျိုးပေး တော်မူသည်ကို၎င်း၊ ယုံကြည် ရ မည်