ရောမဩဝါဒစာ 1:20
အဘယ်သို့ နည်းဟူမူကား၊ ဖန်ဆင်း တော်မူသော အရာများကို ထောက်ရှုသဖြင့် ၊ ထာဝရ တန်ခိုး တော်နှင့် ထာဝရ အဖြစ်တော်တည်းဟူသောမျက်မြင် မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာ တည် သည်ကာလမှစ၍ ထင်ရှား လျက်ရှိကြ၏။ ထိုကြောင့် သူ တို့သည် ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 21:33အာဗြဟံ သည် ဗေရရှေဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက် ၍ ၊ အစဉ် အမြဲတည်တော်မူသောဘုရား သခင်တည်းဟူသော၊ ထာဝရဘုရား ၏ နာမတော် ကို ပဌနာ ပြု လေ၏။
Deuteronomy 33:27ရှေ့ဦးစွာ သောဘုရားသခင် သည် သင့်ခိုလှုံ ရာ ဖြစ်၍ ၊ နိစ္စ ထာဝရ လက်ရုံး တော်ဖြင့် သင့် ကို ထောက်မ တော်မူ၏။ ရန်သူ တို့ကို သင့် ရှေ့ မှ နှင်ထုတ် ၍ သူတို့ကို ဖျက်ဆီး သောအခွင့် ပေးတော်မူမည်။
Psalms 8:3လက်ညှိုး တော်အလုပ် တည်းဟူသောကိုယ်တော် ၏ မိုဃ်းကောင်းကင် ကို၎င်း၊ ပြင်ဆင် တော်မူသောလ နှင့် ကြယ် များကို၎င်း၊ အကျွန်ုပ်ဆင်ခြင် သော်၊
Psalms 33:6ထာဝရဘုရား ၏ နှုတ်ကပတ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို၎င်း၊ နှုတ် တော်အသက် အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာ များကို၎င်းဖန်ဆင်း တော်မူ၏။
Psalms 104:5မြေကြီး အမြစ် ကို ကာလ အစဉ်အမြဲ မ ရွေ့ မလှုပ် စေခြင်းငှါ၊ တည် တော်မူသောဘုရားပေတည်း။
Psalms 119:90သစ္စာ တော်သည် လူမျိုး အဆက်ဆက်မြဲမြံပါ၏။ မြေကြီး ကို တည် စေတော်မူသဖြင့် ၊ သူသည်အမြဲ နေပါ၏။