ရောမဩဝါဒစာ 10:1
ညီအစ်ကို တို့၊ ဣသရေလ လူတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်စေခြင်းငှာ ၊ ငါ ၏စေတနာ အလိုရှိ ၍ ဘုရားသခင် ကို ဆုတောင်း လေ့ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
Brethren, my heart’s desire and prayer to God for Israel is, that they might be saved.
In Context
2ထိုသူတို့သည် မှန်သောပညာ မ ရှိ သော်လည်း ၊ ဘုရားသခင် ဘက်၌ စိတ် အားကြီးသည်ဟု သူ တို့အဘို့ ငါသက်သေခံ ၏။
Cross References
Exodus 32:13ကိုယ်တော်က သင် တို့အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ ငါများပြား စေမည်။ ငါပြော ခဲ့သော ဤ မြေ ရှိသမျှ ကို သင် တို့အမျိုးအနွယ် အား ငါပေး သဖြင့် ၊ သူတို့သည် အစဉ်အမြဲ အမွေခံ ရကြလိမ့်မည်ဟု ကိုယ် ကို ကိုယ်တိုင်တည် ၍ ကျိန်ဆို တော်မူသောစကားကိုခံ ခဲ့ပြီးသော ကိုယ်တော် ၏ ကျွန် အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့ကို အောက်မေ့ တော်မူပါဟု မိမိ ဘုရား သခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် လေ၏။
1 Samuel 15:11ငါသည် ရှောလု ကို ရှင်ဘုရင် အရာ ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ ၏။ သူသည် ငါ ၏ ပညတ် တို့ကို မ ကျင့် ၊ ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲပြီဟု မိန့် တော်မူ၏။ ရှမွေလ သည် ဝမ်းနည်း ၍ တညဉ့်လုံး ထာဝရဘုရား အား ဟစ်ကြော် ပြီးလျှင်၊
Jeremiah 17:16အကျွန်ုပ် သည် နောက် တော်သို့ လိုက်သော ဆရာ ၏အရာကို မ ရှောင် ပါ။ အမင်္ဂလာ နေ့ ကို မ တောင့်တ ပါ။ အကျွန်ုပ် ဟော ပြောချက်ကို ကိုယ်တော် သိ တော်မူ ၏။ ကိုယ်တော် မျက်မှောက် ၌ ရှိ ပါ၏။
Luke 13:34အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင် ရှိရာ သို့ စေလွှတ် သောသူ တို့ကိုလည်းကျောက်ခဲ နှင့်ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံးသကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ၏။ သင်မူကား အလို မ ရှိ။
Romans 9:1ငါ့ ကိုယ်ကိုကိုယ်သိ သော စိတ်သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်တကွ ငါ့ ဘက်၌ သက်သေခံ လျက်၊ ငါသည်မုသာ မ ပါ၊ ခရစ်တော် ရှေ့၌ မှန်ကန် စွာ ပြော သည်ကား၊