ရောမဩဝါဒစာ 11:1
သို့ဖြစ်လျှင် ၊ ဘုရားသခင် သည် မိမိ လူမျိုး ကို ပယ် တော်မူပြီလောဟုမေးသော်၊ ပယ် တော်မ မူဟုဆို ရ၏။ ငါ ပင် ဣသရေလ လူဖြစ် ၏။ အာဗြဟံ အမျိုး ၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
2ဘုရားသခင် သည် အထက်က သိမှတ် တော်မူသော မိမိ လူ တို့ကို ပယ် တော်မ မူ။ ပရောဖက်ဧလိယ က ၊ အိုထာဝရဘုရား၊
Cross References
1 Samuel 12:22ထာဝရဘုရား သည် မဟာ နာမ တော်ကိုထောက် ၍ မိမိ လူ တို့ကို စွန့် တော်မ မူ။ ထာဝရဘုရား သည် သင် တို့ကို မိမိ လူ အရာ၌ ခန့် ထားခြင်းငှါ အလို ရှိတော်မူပြီ။
Psalms 77:7ထာဝရ ဘုရားသည် အစဉ် စွန့်ပစ် တော်မူမည် လော ။ နောက် တဖန် ကျေးဇူး အလျှင်းမ ပြုဘဲ နေတော်မူ မည်လော။
Psalms 94:14ထာဝရဘုရား သည် မိမိ လူ တို့ကိုမ ပယ် ၊ အမွေ တော်ကို စွန့်ပစ် တော်မ မူ။
Jeremiah 33:24ထာဝရဘုရား ရွေးကောက် သော လူမျိုး နှစ် မျိုး ကို တဖန် ပယ် တော်မူပြီဟု ဤ လူ တို့ပြော တတ်သော စကား ကို သင်သည်ဆင်ခြင် ပြီလော။ ထိုသို့သူတို့သည် ငါ ၏လူမျိုး ကို လူမျိုး ကဲ့သို့မ မှတ် ၊ မထီမဲ့မြင် ပြုကြပြီ။
Amos 9:8အရှင် ထာဝရဘုရား သည် အပြစ် ရှိသောတိုင်း နိုင်ငံကို ကြည့်ရှု လျက် ၊ ထို တိုင်းနိုင်ငံကို မြေကြီး ပြင် မှ ငါသုတ်သင် ပယ်ရှင်းမည်။ သို့သော်လည်း ၊ ယာကုပ် အမျိုး ကို ရှင်းရှင်းမ ဖျက်ဆီး ဟု မိန့် တော်မူ၏။
Acts 26:4ယေရုရှလင် မြို့တွင် ကိုယ် အမျိုးသား ချင်းတို့၏ အထဲ ၌ အကျွန်ုပ်နေ သဖြင့်၊ ငယ် သောအသက်အရွယ်မှစ၍ ၊ အကျွန်ုပ် ၏အနေအထိုင် အပြုအမူများကို ယုဒ လူ အပေါင်း တို့သည်သိ ကြပါ၏။