ရောမဩဝါဒစာ 11:28
သူတို့သည် ဧဝံဂေလိ တရားအားဖြင့် မူကား သင် တို့အကြောင်း ကြောင့် ရန်သူ ဖြစ်ကြ၏။ ရွေးကောက် တော်မူခြင်းအားဖြင့် မူကား ၊ ဘိုးဘေး များအကြောင်း ကြောင့် ချစ်သူ ဖြစ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 28:14သင် ၏အမျိုးအနွယ် သည် မြေမှုန့် ကဲ့သို့ များပြားလိမ့်မည်။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေးမျက်နှာအရပ် တို့သို့ နှံ့ပြား ကြလိမ့်မည်။ သင်နှင့်သင် ၏အမျိုးအနွယ် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
Deuteronomy 4:31သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သနား တတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင် တို့ကို စွန့်ပစ် ဖျက်ဆီး တော်မ မူ။ သင် တို့ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားကို မေ့လျော့ တော်မ မူ။
Deuteronomy 8:18သင် ၏ဘုရားသခင် ထာဝရဘုရား ကိုသာ အောက်မေ့ ရမည်။ အကြောင်း မူကား၊ သင် ၏ ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားတော်ကို ယနေ့ ကဲ့သို့ တည် စေလိုသောငှာ ၊ စည်းစိမ် ရ တတ်သော အစွမ်း သတ္တိကို ဘုရားသခင်ပေး တော်မူ၏။
Deuteronomy 10:15သို့ရာတွင် ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့ကို ချစ်ခင် မြတ်နိုး၍၊ ယနေ့ ရှိသကဲ့သို့ ၊ သူ တို့အမျိုးအနွယ် တည်းဟူသော သင့် ကို ၊ အခြားသော လူမျိုး တကာ တို့ တွင် ရွေးကောက် တော်မူ၏။
Isaiah 41:8ငါ့ ကျွန် ဣသရေလ ၊ ငါရွေးချယ် သောသူ ယာကုပ် ၊ ငါ့ အဆွေ အာဗြဟံ ၏သား၊
Micah 7:20ရှေး ကာလ မှစ၍ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သည်အတိုင်း ၊ ယာကုပ် ၌ သစ္စာ စောင့်ခြင်း၊ အာဗြဟံ အား ကရုဏာ ကျေးဇူးပြုခြင်းကို စီရင် တော်မူလိမ့်မည်။