ရောမဩဝါဒစာ 14:10
သင် သည် ညီအစ်ကို ချင်းကို အဘယ်ကြောင့် စစ်ကြော စီရင်သနည်း။ ညီအစ်ကို ချင်းကို အဘယ်ကြောင့် မထီမဲ့မြင် ပြုသနည်း။ ငါတို့ရှိသမျှ သည် ခရစ်တော် ၏ တရား ပလ္လင်တော်ရှေ့ သို့ ရောက်ရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ecclesiastes 12:14အကြောင်း မူကား၊ ဘုရား သခင်သည် ခပ်သိမ်း သော ဝှက်ထား ခြင်းမှစ၍ ၊ အလုံးစုံ သောအမှု ၊ ကောင်း မကောင်း ရှိသမျှတို့ကို စစ်ကြော ၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။
Luke 23:11ဟေရုဒ် မင်းသည် စစ်သူရဲ တို့နှင့်တကွ ကိုယ်တော် ကို မခန့်မညား ဘဲ ပြက်ယယ်ပြု ၍ တင့်တယ် သော အဝတ် ကို ဝတ် စေပြီးမှပိလတ် မင်းထံသို့ပို့ ပြန်စေ၏။
Acts 4:11ထို သခင်ကား၊ သင် တို့သည်တိုက်ကို တည်လုပ် သောအခါ ပယ် ထား၍၊ နောက်တဖန်တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်သော ကျောက် ဖြစ် တော်မူ၏။ ထို သခင်မှတပါး အဘယ်သူ မျှကယ်တင် ခြင်းအမှုကိုမ တတ်နိုင်။
Acts 17:31အကြောင်းမူကား ၊ ခန့်ထား တော်မူသော သူ အားဖြင့် လောကီသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ညီလျော်စွာစစ်ကြော စီရင် မည့်နေ့ရက် ကို ချိန်းချက် တော်မူပြီ။ ထိုသူ ကို သေ ခြင်းမှ ထမြောက် စေတော်မူသော အားဖြင့်ခပ်သိမ်း သောလူတို့အား ယုံ လောက်သော သက်သေကိုပြတော်မူပြီဟုပေါလုဟောပြော၏။
Romans 14:3အမျိုးမျိုးကို စား သောသူ သည် မ စား သောသူ ကို မထီမဲ့မြင် မ ပြုစေနှင့်။ မ စား သောသူ သည်လည်း ၊ စား သော သူ ကိုမ စစ်ကြော မစီရင်စေနှင့် အကြောင်းမူကား ၊ ဘုရားသခင် သည် သူ့ ကိုလက်ခံ တော်မူပြီ။
2 Corinthians 5:10အကြောင်းမူကား၊ ငါ တို့ရှိသမျှ သည် ကိုယ်ခန္ဓါ ၌ကျင့် သောအကျင့် ၊ ကောင်း မကောင်း ရှိသည်အတိုင်း အကျိုးအပြစ် ကို အသီးအသီး ခံ ခြင်းငှာ ၊ ခရစ်တော် ၏ တရားပလ္လင် ရှေ့ ၌ ပေါ်လာ ရ ကြမည်။