ရောမဩဝါဒစာ 14:23
ယုံမှား သောသူ သည် စား လျှင် ၊ ယုံ သောစိတ် မ ရှိဘဲစားသောကြောင့် အပြစ် စီရင်ခြင်းကိုခံရ၏။ ယုံ သောစိတ်မ ရှိဘဲကျင့်သမျှ သော အကျင့်တို့သည် အပြစ် ရှိ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Romans 13:2ထိုကြောင့် ၊ မင်းအာဏာ ကို ဆန် သောသူ သည် ဘုရားသခင် စီရင် တော်မူရာကိုဆန် သောသူ ဖြစ်၏။ ထိုသို့ ဆန် သောသူ သည် ရာဇဝတ် ကို ခံရ မည်။
1 Corinthians 8:7သို့သော်လည်း ထို ဉာဏ် ကို လူ တိုင်းမ ရ။ အချို့ သော သူတို့သည် ယခု တိုင်အောင် ရုပ်တု ရှေ့၌ ပူဇော် သော ယဇ်ကောင်ကိုစား သော်၊ ရုပ်တု ကို ထောက်သော စိတ်နှင့်စားကြသည်ဖြစ်၍၊ သူ တို့၌ကိုယ်ကိုကိုယ် သိသော စိတ်သည်အားနည်း သောကြောင့် ညစ်ညူး ခြင်းသို့ ရောက်တတ်၏။
Titus 1:15စင်ကြယ် သောသူတို့အား ခပ်သိမ်း သောအရာတို့သည် စင်ကြယ် လျက်ရှိကြ၏။ မ စင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ် အရာမျှမစင်ကြယ် ။ သူ တို့၏ နှလုံးလည်း မ စင်ကြယ်။ ကိုယ်ကိုကိုယ် သိသောစိတ် လည်း မစင်ကြယ်။