ရောမဩဝါဒစာ 2:12
ပညတ် တရားကို မသိဘဲပြစ်မှား သော သူ တို့သည် ပညတ် တရားမဲ့ပျက်စီး ခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ် တရားကို သိလျက် ပင် ပြစ်မှား သော သူ တို့သည် ပညတ် တရား၏ စီရင် ခြင်းကို ခံရကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
11ဘုရားသခင် သည် အဘယ်သူ၏မျက်နှာ ကို မျှမှတ် တော်မ မူ။
Cross References
Ezekiel 16:49သင့် ညီမ သောဒုံ ၏ အပြစ် ဟူမူကား ၊ သူ နှင့် သူ့ သမီး တို့သည် မာန ကြီးခြင်း၊ ဝ စွာစားသောက်ခြင်း၊ ငြိမ်ဝပ် စွာကောင်းစားခြင်းရှိ ၍ ၊ ဆင်းရဲ ငတ်မွတ် သောသူတို့ ကို မ ထောက်ပံ့ ဘဲ နေကြ၏။
Matthew 11:24ငါဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ သင် သည် သောဒုံ မြို့ထက် သာ၍ ခံရ လတံ့ ဟု မိန့်တော်မူ၏။
Luke 12:47အကြင် ကျွန် သည် မိမိ သခင် ၏ အလို ကိုသိ လျက်နှင့် အသင့် မ နေ၊ သခင် ၏အလို ကိုမဆောင် ၊ ထိုကျွန် သည် များစွာ သောဒဏ် ကိုခံရ၏။
Acts 17:30ဘုရားသခင် သည် မိုက်မဲ သော အချိန် ကာလတို့ကို အမှု မထားဘူးသော်လည်း ၊ ယခု မှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရ ကြလော့ဟု ခပ်သိမ်း သော အရပ်တို့၌ ရှိသော လူ အပေါင်း တို့အား ပညတ် တော်မူ၏။
Romans 1:32ထိုသို့ ကျင့် သောသူ တို့သည် သေ ပြစ်ကိုခံထိုက် သည်ဟု ဘုရားသခင် စီရင် တော်မူကြောင်းကို ထိုသူ တို့ သည် သိ လျက်ပင်ကိုယ်တိုင် ကျင့် သည်သာမက ၊ ထိုသို့ ကျင့် သောသူ တို့၌ အားရ ဝမ်းမြောက်ကြ၏။
Romans 3:19ပညတ် တရား၌ ပါ သမျှ သောစကား တို့သည် ပညတ် တရားကို ခံသောသူ တို့နှင့် စပ်ဆိုင် သည်ကို ငါတို့ သိ ကြ၏။ ထိုသို့ဖြစ်၍ ၊ လောကီသား အပေါင်း တို့သည် စကား တစ်ခွန်းကိုမျှ မ ပြောနိုင်ဘဲ ဘုရားသခင့် ရှေ့တော်၌ အပြစ်သင့် သောသူဖြစ် ကြ၏။