ရောမဩဝါဒစာ 2:27
အရေဖျားလှီး ခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ် တရားကို ကျင့် လျှင် ၊ ကျမ်းစာ နှင့် အရေဖျားလှီး ခြင်းရှိလျက်ပင်ပညတ် တရားကို လွန်ကျူး သောသင် ကို တရား တွေ့၍ အရှုံးခံစေမည် မဟုတ်လော။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 3:15ယေရှု ကလည်း အလုံးစုံ သောတရား တို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ် ၍ ယခု အခွင့် ပေးပါ ဟု ပြန်ပြောတော်မူ ၏။ ထိုအခါ ယောဟန်သည် ဝန်ခံ လေ၏။
Matthew 12:41တရား ဆုံးဖြတ်တော်မူသောအခါ ၊ နိနေဝေ မြို့သား တို့သည် ဤ လူမျိုး တစ်ဘက်၌ ထ ၍အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမြို့သားတို့သည် ယောန ဟောပြော သောစကားကြောင့် နောင်တရ ကြ၏။ ဤ အရပ်၌ ကား၊ ယောန ထက် သာ၍ကြီးမြတ်သောသူရှိ၏။
Romans 2:20လူမိုက် တို့ကို ဆုံးမ တတ်သောသူ၊ သူငယ် တို့ကို နည်းပေး သောသူ၊ ပညတ် တရားတော်အားဖြင့် ပညာ ကို ၎င်း ၊ သမ္မာတရား ကို၎င်းဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ် တတ်သည်မှန်လျှင်၊
Romans 7:6ယခု မူကား ၊ ကျမ်းစာ၌ပါသော တရား ဟောင်း ကို မ မှီဘဲ၊ ဝိညာဉ် တော်တရားသစ် ကို မှီ ၍ အမှု ဆောင်ရွက်ခြင်းအလိုငှာ ၊ ငါတို့သည် အသေ သဖြင့် အုပ်ချုပ် သောပညတ် တရား၏လက်မှ လွတ် ခြင်းသို့ ရောက်ကြပြီ။
Romans 13:10ချစ် ခြင်းမေတ္တာရှိ သောသူသည် ကိုယ်နှင့် မ စပ်ဆိုင် သော သူ၏အကျိုးကို မဖျက်ဆီး တတ်။ ထိုကြောင့် ၊ ချစ် ခြင်းမေတ္တာသည် အကျင့် တရားပြည့်စုံ ရာ ဖြစ်သတည်း။
Galatians 5:14အကြောင်းမူကား ၊ ကိုယ် နှင့်စပ်ဆိုင်သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ဟူသော ပညတ်တပါးကို ကျင့် လျှင်၊ ပညတ် တရားရှိသမျှ ကို အကြွင်းမဲ့ ကျင့်ရာ ရောက်၏။