ရောမဩဝါဒစာ 3:30
အကြောင်းမူကား၊ အရေဖျားလှီး ခြင်းကို ခံသောသူနှင့် မ ခံသောသူနှစ်ဦးကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာ၌တည်စေတော်မူသော ဘုရားသခင် တဆူတည်း ရှိတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Romans 3:28ထိုကြောင့်လူ မည်သည်ကား၊ ပညတ် တရား၏ အကျင့် မ ရှိဘဲ ယုံကြည် ခြင်းအားဖြင့်ဖြောင့်မတ် ရာသို့ ရောက်တတ်သည်ဟုယူဆ ရ၏။
Romans 10:12ယုဒ အမျိုး၊ ဟေလသ အမျိုးကိုမ ရွေး၊ လူ အပေါင်း တို့ကို အစိုးရသော အရှင် တစ်ပါးတည်းရှိ၍၊ ကိုယ်တော် ကိုပဌနာ ပြုသော သူ အပေါင်း တို့၌ ကျေးဇူးကြွယ်ဝ တော်မူ၏။
Galatians 3:8ဘုရားသခင် သည် ယုံကြည် ခြင်းကိုထောက်၍ ၊ တစ်ပါး အမျိုးသားတို့ကို ဖြောင့်မတ် ရာ၌ တည်စေတော်မူမည်ဟု ကျမ်းစာ သည်မြော်မြင် လျက် ၊ အာဗြဟံ အား အမိန့်ရှိ၍၊ သင့် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဧဝံဂေလိ တရားကို ဟောနှင့်လေ၏။
Galatians 3:28ယေရှု ခရစ် ၌ ယုဒ လူမ ရှိ ၊ ဟေလသ လူမ ရှိ၊ ကျွန် မ ရှိ ။ လူ လွတ်မ ရှိ၊ ယောက်ျား မ ရှိ ၊ မိန်းမ မရှိ၊ ထိုသခင်၌ သင် တို့အပေါင်း သည် တလုံးတဝတည်း ဖြစ် ကြ၏။
Galatians 6:15အကြောင်းမူကား ၊ ယေရှုခရစ်ထံ၌အရေဖျားလှီး ခြင်းအကျိုး မ ရှိ။ မ ခံဘဲနေခြင်းလည်း အကျိုးမ ရှိ။ သတ္တဝါ သစ် ဖြစ်ခြင်းသာ အကျိုးရှိ၏။
Colossians 2:10အထွဋ်အမြတ် အာဏာစက် ရှိသမျှ ကို အုပ်စိုး တော်မူသော ထိုသခင် ၌ သင်တို့သည် စုံလင် ခြင်းရှိ ကြ၏။။