ရောမဩဝါဒစာ 4:12
ငါ တို့အဘ အာဗြဟံ သည် ထိုသူ အပေါင်း တို့၏ အဘ ဖြစ် အံ့သောငှာ၎င်း၊ အရေဖျားလှီး ခြင်းကို ခံသည် သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီး ခြင်းကို မခံမှီရှိ သောယုံကြည် ခြင်းလမ်း သို့လိုက် သော သူ တို့၏ အဘဖြစ်အံ့သောငှာ၎င်း၊ အာဗြဟံသည် အရေဖျားလှီး ခြင်းကိုမခံမှီရှိသောယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်း တံဆိပ် တည်းဟူသောအရေဖျားလှီး ခြင်း၏ လက္ခဏာ ကို ခံရ သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Proverbs 2:20သင်သည် သူတော်ကောင်း တို့၏ လမ်း သို့ ရှောက် ၍ ၊ ဖြောင့်မတ် သောသူတို့ ၏ လမ်းခရီး ထဲက မ ထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
Matthew 3:9အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍ စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ဤ ကျောက်ခဲ တို့မှ အာဗြဟံ တို့ကို ထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန်ဆို ၏။
John 8:39ထိုသူ တို့ကလည်း ၊ အာဗြဟံ သည် ငါ တို့အဘ ဖြစ် ၏ ဟု ဆို ကြ ၏။ ယေရှု ကလည်း၊ သင်တို့သည် အာဗြဟံ ၏သား မှန် လျှင် အာဗြဟံ ၏အကျင့် ကို ကျင့် ကြလိမ့်မည်။
2 Corinthians 12:18တိတု သည် သင် တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန် ၍၊ သူနှင့်တကွအခြားသော ညီ တစ်ယောက်ကို စေလွှတ် ၏။ တိတု သည် ပရိယာယ် အားဖြင့်သင်တို့၏ဥစ္စာကိုယူသလော။ ငါတို့သည် စိတ် သဘောချင်းတူ ၍ကျင့် ကြသည် မ ဟုတ်လော။ တလမ်းတည်း လိုက်ကြသည် မ ဟုတ်လော။
1 Peter 2:21အကြောင်းမူကား ၊ ထိုသို့ အလိုငှာ သင်တို့ကိုခေါ် တော်မူပြီ၊ ခရစ်တော် သည် ငါ တို့အတွက် ခံ တော်မူသည်ဖြစ်၍ ၊ ခြေ တော်ရာကို ရှောက်လိုက် စေခြင်းငှာ ပုံ သက်သေကိုထား တော်မူပြီ။