ရောမဩဝါဒစာ 4:17
ငါသည် သင့် ကို လူမျိုး အများ တို့၏အဘ ဖြစ် စေ၏ဟု ကျမ်းစာ၌ လာ သည်နှင့်အညီ ၊ ထိုအာဗြဟံ သည်ကား၊ သေ လွန်သောသူ တို့ကို ရှင် စေတော်မူထသော၊ မ ဖြစ် သေးသောအရာ တို့ကို ဖြစ် သောအရာကဲ့သို့ မှာထား တော်မူသော ဘုရားသခင် တည်းဟူသော၊ ကိုယ်တိုင်ယုံကြည် သော ဘုရား ရှေ့ တော်၌ ခပ်သိမ်း သောငါ တို့၏ အဘ ဖြစ် သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 17:4ငါ ပြုသော ပဋိညာဉ် သည် သင် ၌ ရှိ၏။ သင်သည် လူမျိုး အများ တို့၏ အဘ ဖြစ် လိမ့်မည်။
Genesis 17:20ဣရှမေလ အမှု၌ ကား ၊ သင် ၏စကားကို ငါနားထောင် ၏။ သူ့ ကို ငါကောင်းကြီး ပေး၏။ သူ့ အနွှယ်ကို တိုးပွား စေ၍ သူ့ ကို အလွန် များပြား စေမည်။ သူသည် မင်း သားဆယ် နှစ် ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီး သော လူမျိုး ဖြစ် စေခြင်းငှါလည်း ငါပြု မည်။
Genesis 28:3အနန္တ တန်ခိုးရှင် ဘုရား သခင်သည် ကောင်းကြီး ပေး၍ တိုးပွား စေသဖြင့်၊ သင်သည် အမျိုး ကြီး ဖြစ် မည် အကြောင်း နှင့် များပြား စေတော်မူစေသတည်း။
Isaiah 44:7ရှေး လူမျိုး ကို ငါ ခန့် ထားသည်မှစ၍ ၊ ငါ ကဲ့သို့ အဘယ်သူ သည် ဤအမှုတို့ကို ငါ့ အဘို့ ခေါ် ၍ ထုတ် ဘော် စီရင် နိုင်မည်နည်း။ ဖြစ် ဆဲသောအမှုနှင့် ဖြစ် လတံ့သော အမှုတို့ကို သူ တို့အား ဘော် ပြကြစေ။
Isaiah 49:12ကြည့် ရှုလော့။ ဤ သူတို့သည် ဝေး သောအရပ်မှ လာ ကြလိမ့်မည်။ ကြည့် ရှုလော့။ ထို သူတို့သည် မြောက် မျက်နှာနှင့် အနောက် မျက်နှာမှ ၎င်း၊ ထို သူတို့သည်လည်း ၊ သိနိမ် ပြည် မှ ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။
Matthew 3:9အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍ စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ဤ ကျောက်ခဲ တို့မှ အာဗြဟံ တို့ကို ထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန်ဆို ၏။