ရောမဩဝါဒစာ 5:17
ထိုမှတစ်ပါး၊ လူတစ်ယောက် သည် ပြစ်မှား သောကြောင့် ၊ ထိုတစ်ယောက် သောသူ အားဖြင့် သေ ခြင်းတရား သည် အစိုးရ ၏။ ကျေးဇူး တော်၏ကြွယ်ဝ ခြင်းကို၎င်း၊ ဖြောင့်မတ် ရာသို့သွင်းပေး တော်မူခြင်းကို၎င်း ခံရသော သူတို့သည် တစ်ယောက် သောသူ တည်းဟူသောယေရှု ခရစ် အားဖြင့် အသက် ရှင်လျက် သာ၍ စိုးစံ ရကြလတံ့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 3:19သင် ထွက် ရာမြေ သို့ မပြန် မှီတိုင်အောင် ၊ သင် ၏ မျက်နှာ မှချွေး ထွက်လျက် အစာ ကိုစား ရမည်။ အကြောင်းမူကား ၊ သင် သည် မြေမှုန့် ဖြစ်၍မြေမှုန့် သို့ ပြန် ရမည်ဟု မိန့် တော်မူ၏။
Matthew 25:34ထိုအခါ လက်ျာ တော်ဘက် ၌ရှိသော သူ တို့အား မင်းကြီး က၊ ငါ့ ခမည်းတော် ထံ ကောင်းကြီး မင်္ဂလာကိုခံသောသူ တို့၊ ကမ္ဘာ ဦး ကပင် သင်တို့ အဘို့ ပြင်ဆင် သောနိုင်ငံ ကို လာ ၍ အမွေခံ ကြလော့။
Romans 5:12ဤ အကြောင်း အရာဟူမူကား၊ အပြစ် တရားသည် တစ် ယောက်သောသူ အားဖြင့် ဤ လောက သို့ ဝင် ၍ ၊ အပြစ် တရားအားဖြင့် သေ ခြင်း တရားဝင်သည်နှင့်အညီ ၊ လူ အပေါင်း တို့သည် အပြစ် ရှိသောကြောင့် သေ ခြင်းသို့ ရောက် ရကြ၏။
Romans 6:23အပြစ် တရား၏ အခ ကား သေ ခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆု ကျေးဇူးတော်ကား ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ထာဝရ အသက် ပေတည်း။
1 Corinthians 4:8ယခု တွင်သင် တို့သည် ကြွယ်ဝကြ၏။ ငွေရတတ် ကြ၏။ ငါ တို့ မ ရှိစဉ်တွင်စိုးစံ ကြ၏။ ငါ တို့သည် သင် တို့နှင့်အတူစိုးစံ ရသော အခွင့်ရှိ မည်အကြောင်း၊ သင်တို့ကို အမှန် စိုးစံ စေခြင်းငှာ အလိုရှိ ၏။
1 Corinthians 15:49ငါ တို့သည် မြေ သား၏ ပုံ သဏ္ဌာန်ကို ဆောင်သကဲ့သို့ ၊ ကောင်းကင် သား၏ ပုံ သဏ္ဌာန်ကို ဆောင် ကြ လိမ့်မည်။