ရောမဩဝါဒစာ 5:9
သို့ဖြစ်၍ ယခု တွင် အသွေး တော်အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ပြီးမှ၊ ထိုသခင် အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
မြန်မာကျမ်းစာ
In The King James Version
Much more then, being now justified by his blood, we shall be saved from wrath through him.
In Context
Cross References
Romans 1:18သမ္မာတရား ကိုအဓမ္မ ဖြင့် ဆီးတား နှိပ်စက်သော သူ တို့ ပြုတတ်သော ဘုရားမဲ့ နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုး တို့ တစ်ဘက် ၌ဘုရားသခင် ၏ အမျက် တော်သည်ကောင်းကင် မှ ထင်ရှား လျက်ရှိ၏။
Romans 5:1ထိုကြောင့် ၊ ငါတို့သည် ယုံကြည် ခြင်းရှိ၍ ဖြောင့်မတ် ရာသို့ရောက်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ ငြိမ်သက် ခြင်းကို ခံစား ကြ၏။
Romans 8:1ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှု ခရစ် ၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင် ခြင်းနှင့် လွတ်ကြ၏။
Ephesians 2:13သင်တို့သည် အထက် ကဝေး လျက်ရှိ သော်လည်း ၊ ယခု မှာ ယေရှု ခရစ် ၌ ဖြစ်၍အသွေး တော်အားဖြင့် အနီး သို့ ရောက် ကြပြီ။
Hebrews 9:14ထိုမျှမက၊ အပြစ် ကင်းသော ကိုယ်တော် ကို၊ ထာဝရ ဝိညာဉ် တော်အားဖြင့် ၊ ဘုရားသခင့် ရှေ့၌ တင်လှူပူဇော် သော ခရစ်တော် ၏ အသွေး သည်၊ သေ ခြင်းနှင့် စပ်ဆိုင်သောအကျင့် ကို ပယ်ရှင်း၍၊ သင်တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ကို ဝတ်ပြု မည်အကြောင်း ၊ သင် တို့၌ ကိုယ်ကိုကိုယ် သိသော စိတ်ကို စင်ကြယ် စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော
1 John 1:7ဘုရားသခင် သည်အလင်း ၌ ရှိ တော်မူသကဲ့သို့ ၊ ငါတို့သည်အလင်း ၌ ကျင်လည် လျှင် ၊ အချင်းချင်း မိဿဟာယဖွဲ့ ခြင်း ရှိ ကြသည်ဖြစ်၍၊ ဘုရားသခင် ၏သား တော်ယေရှု ခရစ်၏အသွေး တော်သည်၊ ငါ တို့အပြစ် ရှိသမျှ ကို ဆေးကြော တော်မူ၏။