ရောမဩဝါဒစာ 6:13
သင် တို့၏ကိုယ်အင်္ဂါ များကို ဒုစရိုက် လက်နက် ဖြစ်စေ၍၊ အပြစ် တရားအား မ ဆက် ကြနှင့်။ သေ ခြင်းမှ ထမြောက်၍ အသက် ရှင်သောသူကဲ့သို့ ၊ ဘုရားသခင် အား ကိုယ်ကိုကိုယ် ဆက် ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 25:16အထက် ဆိုခဲ့ပြီးသော အမှုကို ပြု သောသူအပေါင်း တို့နှင့် မတရား သဖြင့် ပြု သောသူအပေါင်း တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
Psalms 37:30ဖြောင့်မတ် သောသူ၏နှုတ် သည် ပညာ ကို မြွက်ဆို တတ်၏။ သူ ၏လျှာ သည်လည်း တရား သော စကားကို ပြော ဆိုတတ်၏။
Isaiah 3:10ဖြောင့်မတ် သောသူသည် မင်္ဂလာ ရှိ၏ဟု ထိုသူ အား ပြော လော့။ အကြောင်း မူကား၊ သူ သည် မိမိအကျင့် တို့၏အကျိုး ကို ခံစား ရလိမ့်မည်။
Ezekiel 18:4ဝိညာဉ် အပေါင်း တို့ကို ငါ ပိုင် ၏။ အဘ ၏ဝိညာဉ် ကို ငါပိုင်သကဲ့သို့ သား ၏ဝိညာဉ် ကိုလည်း ငါ ပိုင် ၏။ ပြစ်မှား သော ဝိညာဉ် သည် အသက်သေ ရမည်။
Luke 15:24ငါ့ သား သည်အထက်ကသေ ၏။ ယခု ရှင်ပြန် ၏။ အထက်ကပျောက် ၏။ယခုတွေ့ပြန် ၏ဟုအစေအပါး တို့ကို ဆို ပြီးမှ ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ ခြင်းကို ပြု ကြ၏။
John 5:24ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် ၍ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုယုံကြည် သောသူ သည် ထာဝရ အသက် ကို ရ သည်ဖြစ်၍ အပြစ် စီရင်ခြင်းကိုမ ခံရ ။ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကူးမြောက် သောသူဖြစ်၏။