ရောမဩဝါဒစာ 8:10
ခရစ်တော် သည် သင် တို့အထဲ ၌ရှိတော်မူလျှင် ၊ ကိုယ် ကာယသည် အပြစ် ကြောင့် အသေ ဖြစ်သော်လည်း ဝိညာဉ် မူကား ဖြောင့်မတ် ခြင်းကြောင့် အသက် ရှင်လျက်ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
John 4:14ငါ ပေး သောရေ ကိုသောက် သောသူ မူကား ၊ ရေငတ် ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေး သော ရေ သည် ထိုသူ ၌ထာဝရ အသက် ရှင်ခြင်းအလိုငှာ ထွက် သော စမ်း ရေ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။
John 6:56ငါ ၏အသား အသွေး ကို သောက် စား သောသူ သည်ငါ ၌ တည် ၏။ ထိုသူ ၌ လည်း ငါ တည်၏။
John 14:19ခဏ ကြာပြီးမှ လောကီသား တို့သည် ငါ့ ကိုမ မြင် ရကြ။ သင် တို့မူကား မြင် ရကြလိမ့်မည်။ ငါ သည် အသက်ရှင် သောကြောင့် သင် တို့သည်လည်း အသက်ရှင် ရကြလိမ့်မည်။
John 15:5ငါ သည် စပျစ် နွယ်ပင်ဖြစ် ၏။ သင် တို့သည်အခက် များဖြစ်ကြ၏။ အကြင်သူ သည် ငါ ၌ တည် ၍ ငါ သည် လည်းသူ့ ၌ တည်၏၊ ထိုသူ သည် များစွာ သောအသီး ကိုသီး တတ်၏။ ငါ နှင့်ကွာ လျှင် သင်တို့သည် အဘယ် အမှု ကိုမျှ မ တတ်နိုင်ကြ။
Romans 5:12ဤ အကြောင်း အရာဟူမူကား၊ အပြစ် တရားသည် တစ် ယောက်သောသူ အားဖြင့် ဤ လောက သို့ ဝင် ၍ ၊ အပြစ် တရားအားဖြင့် သေ ခြင်း တရားဝင်သည်နှင့်အညီ ၊ လူ အပေါင်း တို့သည် အပြစ် ရှိသောကြောင့် သေ ခြင်းသို့ ရောက် ရကြ၏။
Romans 8:11ထိုမျှမက ၊ ယေရှု ကိုသေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား ၏ဝိညာဉ် တော်သည် သင် တို့ အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား သည် သင် တို့အထဲ ၌ကျိန်းဝပ် သောမိမိ ဝိညာဉ် တော်အားဖြင့် ၊ သေ တတ်သော သင် တို့၏ ကိုယ် ကာယကိုပင် ရှင် စေတော်မူမည်။