ရောမဩဝါဒစာ 8:16
ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြသည်ဟု ဝိညာဉ် တော်သည် ငါ တို့၏ဝိညာဉ် နှင့်အတူသက်သေခံ တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
The Spirit itself beareth witness with our spirit, that we are the children of God:
In Context
Cross References
Romans 8:23ထိုမျှမက ဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကို ခံ ပြီးသော ငါ တို့သည်လည်း ၊ သား အရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသောကိုယ်ခန္ဓါ ရွေးနှုတ် ခြင်းချမ်းသာကိုမြော်လင့် ၍၊ စိတ် နှလုံးအထဲ ၌ညည်းတွား လျက်နေကြ၏။
2 Corinthians 1:12ငါ တို့ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာ ကိုအမှီမ ပြု ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို အမှီပြု၍ လျစ်လျူ သောစိတ်နှင့်၎င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူ ခြင်းနှင့်၎င်း၊ ငါ တို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင် တို့ဆီမှာ လည်း ထိုသို့အထူးသဖြင့်ကျင့်ကြံ ပြုမူသည်ဟု ကိုယ်ကိုကိုယ် သိသော စိတ်သည်သက်သေခံ သတည်း။
2 Corinthians 5:5ထိုသို့သော အကျိုး ကိုခံစေခြင်းငှာငါ တို့ကို ပြင်ဆင် သောသူ ကား ၊ ဘုရားသခင် ပေတည်း။ ထိုဘုရားသခင် သည် ဝိညာဉ် တော်တည်းဟူသောစားရန် ကို ငါ တို့အား ပေး တော်မူပြီ။
Ephesians 4:30ရွေးနှုတ် ခြင်းနေ့ရက် တိုင်အောင် သင် တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင် ၏သန့်ရှင်း သော ဝိညာဉ် တော်ကို စိတ် မ နာစေကြနှင့်။
1 John 4:13ဘုရားသခင် သည် ဝိညာဉ် တော်၏ ကျေးဇူးကို ငါ တို့အား ပေး တော်မူသောကြောင့် ၊ ငါ တို့သည် ဘုရားသခင် ၌ တည် သည်ကို၎င်း ၊ ဘုရားသခင် သည် ငါတို့၌ တည်တော်မူသည်ကို၎င်း သိ ရကြ၏။