ရောမဩဝါဒစာ 8:31
သို့ဖြစ်၍ ဤ အရာများတို့၌ အဘယ်သို့ ပြော စရာရှိသနည်း။ ဘုရားသခင် သည် ငါ တို့ဘက် ၌ရှိတော်မူလျှင် ၊ အဘယ်သူ သည် ငါ တို့တစ်ဘက်၌ နေနိုင်မည်နည်း။
မြန်မာကျမ်းစာ
In The King James Version
What shall we then say to these things? If God be for us, who can be against us?
In Context
Cross References
Genesis 15:1ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အာဗြံ သို့ ရောက် ၍၊ အချင်းအာဗြံ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင် ၏ အကွယ် အကာဖြစ်၏။ သင် ၏အကျိုး သည် အလွန် ကြီး လှ၏ဟု မိန့် တော်မူလျှင်၊
Deuteronomy 33:29အိုဣသရေလ အမျိုး၊ သင် သည် မင်္ဂလာ ရှိ၏။ ထာဝရဘုရား ကယ်တင် တော်မူသောအမျိုး ၊ သင် နှင့်အဘယ်သူ တူ သနည်း။ ထိုဘုရားသည် သင့် ကို ကွယ်ကာ သော ဒိုင်း လွှား၊ သင့် ကို ချီးမြှောက် သော ထား လက်နက်ဖြစ်တော်မူ၏။ သင် ၏ ရန်သူ တို့သည် သင့် ရှေ့ မှာရှုံး၍၊ သင် သည် သူ တို့၏ မြင့်မြတ် သောအရပ်တို့၌ နင်း ရ လိမ့်မည်ဟု မြွက်ဆို၏။
1 Samuel 14:6ယောနသန် က၊ အရေဖျားလှီးခြင်းကိုမခံ သော ထိုတပ်သား တို့ဆီ သို့ သွား ကြကုန်အံ့။ ထာဝရဘုရား သည် ငါ တို့အမှုကို စောင့် ကောင်း စောင့်တော်မူလိမ့်မည်။ လူများ သော်၎င်း၊ နည်း သော်၎င်း၊ ထာဝရဘုရား ကယ်တင် တော်မူခြင်းကို အဆီးအတား မ ရှိနိုင်ဟု လက်နက် ဆောင် လုလင် အား ပြောဆို လျှင်၊
1 Chronicles 19:15ရှုရိ လူတို့ပြေး သည်ကို အမ္မုန် အမျိုးသား တို့သည် မြင် လျှင် ၊ သူ တို့သည်လည်း ညီ အဘိရှဲ ရှေ့ မှာပြေး ၍ မြို့ ထဲသို့ ဝင် ကြ၏။ ယွာဘ သည်လည်း ယေရုရှလင် မြို့သို့ ပြန်သွား လေ၏။
Psalms 46:1ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာ ဖြစ်၍ ၊ ခွန်အား ကိုပေး တော်မူ၏။ ဘေး ရောက် သည်ကာလ အထူး သဖြင့်ကူမ တော်မူကြောင်း ထင်ရှားလျက်ရှိ၏။
Psalms 46:11ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ တို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ် ၏ ဘုရား သခင်သည် ငါ တို့ခိုလှုံ ရာဖြစ်တော်မူ၏။