ရောမဩဝါဒစာ 9:17
ကျမ်းစာ ၌ ဖာရော ဘုရင်ကိုဆိုသည်ကား၊ ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှာ ၎င်း ၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေခြင်းငှာ ၎င်း၊ သင့် ကို ချီးမြှောက် ခဲ့ပြီဟု ဆို သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 9:16အကယ်စင်စစ်ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှါ ၎င်း၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေ ခြင်းငှါ ၎င်း၊ သင့် ကို ငါချီးမြှောက် ခဲ့ပြီ။
Exodus 14:17ငါ သည်လည်း အဲဂုတ္တု လူတို့၏ နှလုံး ကို ခိုင်မာ စေသဖြင့် ၊ သူတို့သည် လိုက် ကြလိမ့်မည်။ ဖာရော ဘုရင်နှင့် သူ ၏ဗိုလ်ခြေ ၊ ရထား ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်။
Exodus 18:10အဲဂုတ္တု လူတို့လက် မှ၎င်း ၊ ဖာရော ဘုရင်လက် မှ ၎င်း၊ သင့် ကို ကယ်နှုတ် တော်မူထသော ၊ လူ များတို့ကို အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် တော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
Joshua 9:9သူတို့က၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကြောင့် ကိုယ်တော် ကျွန် တို့သည် အလွန် ဝေး သောပြည် က လာ ပါပြီ။ ထာဝရ ဘုရား၏ သိတင်း တော်ကို၎င်း၊ အဲဂုတ္တု ပြည်၌ ပြု တော်မူသမျှ ကို၎င်း၊
1 Samuel 4:8ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ တန်ခိုး ကြီးသော ဤဘုရား သခင်၏လက် မှ ငါ တို့ကို အဘယ်သူ ကယ်တင် လိမ့်မည်နည်း။ တော ၌ အဲဂုတ္တု လူတို့ကို ဘေး အပေါင်း နှင့် ဒဏ်ခတ် သော ဘုရား ကား၊ အခြား မဟုတ် ဤ ဘုရားပေတည်း။
Psalms 83:17စိတ်ပျက် ၍ အစဉ် ပင်ပန်း ခြင်း ရှိကြပါစေသော။ အရှက်ကွဲ ၍ ဆုံးရှုံး ခြင်းသို့ ရောက်ကြပါစေသော။