ရောမဩဝါဒစာ 9:5
ဘိုးဘေး များတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ၊ ဇာတိ အမျိုးအားဖြင့် ထိုသူ တို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော် သည်လည်း ခပ်သိမ်း သောအရာတို့ကို အစိုးရ တော်မူ၍ ထာဝရ မင်္ဂလာ ရှိ တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင်
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 12:3သင့် ကို ကောင်းကြီး ပေးသောသူကို ငါကောင်းကြီး ပေးမည်။ သင့် ကို ကျိန်ဆဲ သောသူကို ငါကျိန်ဆဲ မည်။ သင် အားဖြင့် လည်း လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Deuteronomy 10:15သို့ရာတွင် ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့ကို ချစ်ခင် မြတ်နိုး၍၊ ယနေ့ ရှိသကဲ့သို့ ၊ သူ တို့အမျိုးအနွယ် တည်းဟူသော သင့် ကို ၊ အခြားသော လူမျိုး တကာ တို့ တွင် ရွေးကောက် တော်မူ၏။
1 Kings 1:36ယောယဒ သား ဗေနာယ က အာမင်။ အရှင် မင်းကြီး ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား သည် လည်း ထိုသို့မိန့် တော်မူပါစေသော။
Psalms 41:13ဣသရေလ အမျိုး၏ ဘုရား သခင် တည်း ဟူသော ထာဝရဘုရား သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင် နှင့် အာမင်။
Psalms 72:19ဘုန်းကြီး သော နာမ တော်သည်လည်း အစဉ် အမြဲမင်္ဂလာ ရှိတော်မူစေသတည်း။ မြေကြီး တပြင်လုံး သည် ဘုန်း တော်နှင့်ပြည့်စုံ ပါစေသတည်း။ အာမင် နှင့် အာမင်။
Psalms 103:19ထာဝရဘုရား သည် ပလ္လင် တော်ကို ကောင်းကင် ဘုံ၌ တည် တော်မူ၍ ၊ အာဏာ တော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏။