1 ရုသဝတ္ထု 2:14
ဗောဇ ကလည်း ၊ စားသောက် သောအချိန် ရှိပြီ။ လာ ၍ မုန့် ကို စား လော့။ ပုံးရည် ၌ စားစရာကို နှစ် လော့ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါး ရိတ်သောသူတို့နှင့်အတူထိုင် လျှင် ၊ ဗောဇသည် ပေါက်ပေါက် ကို လှမ်း၍ ပေး သဖြင့် ၊ သူသည် ဝ စွာစား ပြီးမှ ချန် ထားသေး၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 8:10ထို ကောင်းမွန် သော ပြည် ကိုပေး သနားတော်မူသည် ဖြစ်၍၊ သင်သည် ဝ စွာစား ရသောအခါ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ရမည်။
Ruth 2:18ထိုဆန်ကိုယူ ၍ မြို့ ထဲသို့ ဝင် သဖြင့် ၊ ကောက် ၍ရသောဆန်ကိုလည်း ယောက္ခမ အား ပြ ၏။ ဝ စွာစားပြီးမှချန် ထားသော အရာ ကိုလည်း ထုတ် ၍ ပေးသေး၏။
1 Samuel 25:18အဘိဂဲလ သည် မုန့် လုံးနှစ်ရာ ၊ စပျစ်ရည် ဘူး နှစ် လုံး၊ ချက် ပြီးသော သိုး ငါး ကောင်၊ ပေါက်ပေါက် ငါး ဧဖာ ၊ စပျစ်သီး ခြောက် အပြွတ်တရာ ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာ တို့ကို အလျင်အမြန် ယူ ၍ မြည်း တို့အပေါ် ၌တင် ပြီးလျှင်၊
2 Kings 4:43ကျွန် ကအဘယ်သို့ နည်း။ ကျွန်တော်သည် လူ တရာ ကို ဤ မျှနှင့် ကျွေး နိုင်ပါမည်လောဟုမေး လျှင်၊ ဧလိရှဲက ဤ” လူ များကို ကျွေး လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စား ကြသော်လည်း စားစရာကျန်ကြွင်း လိမ့်မည်ဟု မိန့် တော်မူကြောင်း ကို ပြောဆိုသော်၊”
Psalms 23:5အကျွန်ုပ် ၏ ရန်သူ တို့ရှေ့ မှာ အကျွန်ုပ် အဘို့ စားပွဲ ကိုခင်း တော်မူ၏။ အကျွန်ုပ် ခေါင်း ကိုဆီ နှင့် လိမ်း တော်မူ၏။ အကျွန်ုပ် ခွက် ဖလားသည် လျှံ လျက်ရှိပါ၏။
Isaiah 32:8စေတနာ ရှိသောသူမူကား ၊ စေတနာ နှင့်ဆိုင် သော အကြံတို့ကိုကြံစည် တတ်၏။ စေတနာ နှင့်ဆိုင်သောအရာများအားဖြင့် တည် ရလိမ့်မည်။