Song of Solomon 1:10
သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။
1835 Judson Burmese Bible
In The King James Version
Thy cheeks are comely with rows of jewels, thy neck with chains of gold.
In Context
9ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသော မြင်းနှင့် ငါပုံပြမည်။
11ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ် သွယ်ကိုလည်း လုပ်၍ ပေးဦးမည်။
Cross References
Genesis 24:22ကုလားအုပ်များကို ရေသောက်စေပြီးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊
Genesis 41:42လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌ စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်း ဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊
Proverbs 1:9ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။
Song of Solomon 5:13ပါးတော်တို့သည် နံ့သာတော၊ မွှေးကြိုင်သော ပန်းတောကဲ့သို့၎င်း နှုတ်ခမ်တော်တို့သည် ပကတိမုရန် ဆီယိုသော နှင့်ပွင့်ကဲ့သို့၎င်းဖြစ်ကြ၏။
Isaiah 61:10ထာဝရဘုရားကြောင့် ငါသည် အလွန်ဝမ်း မြောက်၍၊ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင် လန်းမည်။ အကြောင်းမူကား၊ မင်္ဂလာဆောင်လုလင် သည် ပေါင်းသရဖူကို ဆောင်းသကဲ့သို့၎င်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် တန်ဆာဆင်သကဲ့သို့၎င်း၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကို ဝတ်ဆင်စေ၍၊ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ။
Ezekiel 16:12နားထောင်း၊ နှာဆွဲ၊ လှသော ပေါင်းကိုလည်း ဆင်စေ၏။