Song of Solomon 2:9
ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာရပ်တော်မူ၏။ ပြတင်း ပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
8ငါချစ်ရာသခင်၏စကားသံပေ။ ကြည့်ပါ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွလာ၏။
10ငါချစ်ရာ သခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
Cross References
Judges 5:28သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့်၍ ကုလားကာအတွင်း၌ နေလျက်၊ သူ၏ ရထားသည် အဘယ်ကြောင့် လာခဲသနည်း။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ၏။
Proverbs 5:19သူသည်စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
Song of Solomon 8:14အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာ သခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။ ငါသည် ရှောက်ချိုပင်အောက်မှာ သင့်ကို နိုးဆော်ခဲ့ပြီ။ ထိုအရပ်၌ သင်၏မိခင်သည် သင့်ကို ပေးစားခဲ့ပြီ။ ထိုအရပ်၌ သင့်ကို ဘွားမြင်သောသူသည် သင့်ကို ပေးစားခဲ့ပြီ။ ရှောလမုန်မင်းကြီးသည် ခရစ်တော်နှင့်အသင်းတော်၏ မေတ္တာကိုကြောင်းပြု၍ စီရင်ရေးထားသော သီချင်းစာပြီး၏။
John 5:39ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။
John 12:41ဟေရှယသည် ဘုန်းအာနုဘော်တော်ကိုမြင်၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြော သတည်း။
2 Corinthians 3:13ပယ်ရှင်းသောအရာ၏အဆုံးကို ဣသရေလအမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှါ မောရှ သည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ။